Sunday, January 19, 2014

လူယုတ်မာဟူသည်

၁။အမျက်ဒေါသကြီးသူ ရန်ငြိုးဖွဲ့သူ သူတပါး ဂုဏ်ကျေးဇူးကိုချေဖျက်သူ
မိစ္ဆာဒိဋ္ဌိအယူရှိသူ မိစ္ဆာဒိဋ္ဌိအယူသို့ကူးပြောင်းသူနှင့်မိမိ
အပြစ်ကိုဖုံလွှမ်း၍လှည့်စားတတ်သူတို့သည်လူယုတ်မာဖြစ်၏ ။

၂။သတ္တဝါတို့အား သနားကြင် နာမှုမရှိဘဲသတ်ဖြတ်သူသည်လူယုတ်မာဖြစ်၏
၃။မြို့ရွာတို့ကိုတိုက်ခိုက်လုယက် ဖျက်ဆီးသူသည်လူယုတ်မာဖြစ်၏ ။

၎။သူတပါးအ ကြွေးကိုပြန်မဆပ်သူသည်လူယုတ်မာဖြစ်၏ ။

၅။သူတပါးပစ္စည်းခိုးသူသည် လူယုတ်မာဖြစ်၏ ။

၆။လူသတ်၍ပစ္စည်းယူသူသည်လူယုတ်မာ
ဖြစ်၏ ။

၇။မတရားသက်သေထွက်ဆိုသူသည် လူယုတ်မာဖြစ်၏ ။

၈။သူတပါးသားမယားကိုပြစ်မှားကျုးလွန်သူ
သည်လူယုတ်မာဖြစ်၏ ။

၉။အမိအဖကို မ ကျွေးမပြုစုသူသည်လူယုတ်မာဖြစ်၏ ။

၁၀။မိဘ ညီအစ်ကို မောက်နှမ ယောက္ခမတို့ကို ကိုယ်နှုတ်တို့ဖြင့်နှိပ်စက်ညှင်းပန်းနေသူသည် လူယုတ်မာဖြစ်၏ ။

၁၁။ သူတပါးက အကျိုးစီးပွားရှိရာရှိကြောင်းကိုမေးပါလျှက် အကျိုးမဲ့ကိုပြောသူနှင့် အကျိုးစီးပွားရှိကြောင်းနည်လမ်းကိုပေးပါ
သော်လည်းမေးသူမသိအောင် ပြောသူသည် လူယုတ်မာဖြစ်၏။

၁၂။မိမိပြုလုပ်ထားသောမ ကောင်းမှုများကို တစ်ပါသူမသိအောင် ဖုံးကွယ်ထားသူသည် လူယုတ်မာဖြစ်၏။

၁၃။သူတပါးအိမ်သို့သွားသောအခါဧည့်
ဝတ်ပြုစုသည်ကိုစားသောက်ပြီးမိမိအိမ်
ရောက်သည့်အခါဧည့်ဝတ်မပြုစုသူသည်လူယုတ်မာဖြစ်၏။

၁၄။ဖိတ်ကြားဝန်ခံထားသူ အလှုခံပုဂ္ဂိုလ်များနှင့် သူတောင်းစားတို့ကိုမလှုဒါန်းမ ပေးကမ်းဘဲလှည့်ပတ်နေသူသည် လူယုတ်မာဖြစ်၏ ။

၁၅။ဆွမ်းခံလာသောရဟန်းကိုဆွမ်းမ လောင်းပဲကြမ်းတမ်းစွာပြောဆိုသူသည်လူယုတ်မာဖြစ်၏ ။

၁၆။သူတစ်ပါးကိုပစ္စည်းကိုရယူလိုသ
ဖြင့်မဟုတ်မမှန်လှည့်ပတ်ပြောဆိုသူသည်လူယုတ်မာဖြစ်၏။

၁၇။မိမိကိုယ်ကို ဂုဏ်တင်မြှောက်ပြီး သူတစ်ပါးကိုနှိမ်ချပြောဆိုသူသည်လူယုတ်မာဖြစ်၏။

၁၈။သူတစ်ပါးကိုရန် ရှာ မိမိကိုယ်တိုင် မလှူဒါန်းမ ပေးကမ်းရုံမျှမက သူတစ်ပါးတို့လှူဒါန်းပေးကမ်းသည်ကိုပင် နှမြောတွန့်တိုသူစေးနဲဝန်တိုသူ
မိမိမှာမရှိသောဂုဏ်သိက္ခာဖြင့်ချီးမွှမ်းခံလိုသူ သူ မိမိမှာမရှိသောဂုဏ်ကိုရှိလေဟန်ဆောင် သူနှင့်မ ကောင်းမှုပြုရန်မရှက် မ ကြောက်သူသည်လူယုတ်မာဖြစ်၏။


၁၉။ဘုရား တရား သံဃာရတနာသုံးပါးနှင့်
ရတနာသုံးပါးကိုးကွယ်ဆည်းကပ်သူများကိုရှုတ်ချပြောဆိုသည်လူယုတ်မာဖြစ်၏။

၂၀။ရဟန္တာမဟုတ်ဘဲလျက် ရဟန္တာဟုဝန်ခံသူသည်အယုတ်မာဆုံးဖြစ်၏။


ဝသလသုတ်
(အရှင်နေမိန္ဒ မွန်စိန်တောရ)

မို

No comments:

Post a Comment